MM Music (Myanmar Songs, News & Curated Playlists)

MM Music (Myanmar Songs, News & Curated Playlists)

บันเทิง | MM Digital Solutions

เล่นบน PC ผ่าน BlueStacks - Android Gaming Platform ที่ได้รับความไว้วางใจจากเกมเมอร์ 500 ล้านคนทั่วโลก

Page Modified on: 25 กุมภาพันธ์ 2561

Play MM Music (Myanmar Songs, News & Curated Playlists) on PC

@ အဓိကပြသနာကတော့ ကိုယ်ကြိုက်တဲ့ သီချင်းနားထောင်ချင်တဲ့အခါ အရင်ကြိုပြီး ဆိုင်မှာသွား copy ကူးနေရတာမျိုး ၊ internet က download ဆွဲမယ်ဆိုတော့လဲ ကိုယ်ဆွဲခါနီးကျမှ link တွေ ပျက်ကုန်တာမျိုး ၊ Original CD ကို ပိုက်ဆံပေးဝယ်မယ်ဆိုတော့လဲ CD ကနေ Computer ထဲကို ထည့်ဖို့ ၊ Computer ထဲကနေ ဖုန်းထဲကို ပြန်ထည့်ဖို့ အဆင့်ဆင့်လုပ်နေရတာတွေ ၊ Pay-per-download တွေက ဝယ်တော့လဲ ပိုက်ဆံမှားဖြတ်တာမျိုး ၊ ချပေးတဲ့ link က download ဆွဲလို့မရတာမျိုး ၊ လိုချင်တဲ့ သီချင်းမရှိတာမျိုး စတာတွေကို ပြေလည်စေနိုင်ဖို့ ဖြစ်ပါတယ်

@ သီချင်းတွေကို အင်တာနက်ကနေတဆင့် ရယူတယ် ဆိုပေမဲ့ တခါနားထောင်ပြီးတာနဲ့ cache ပြုလုပ်ပေးထားမှာ ဖြစ်တဲ့အတွက် နောက်တစ်ခါ နားဆင်တဲ့အခါ အင်တာနက်မလိုပဲ နားဆင်နိုင်မှာ ဖြစ်ပါတယ် .. အဲဒါကြောင့် သီချင်းတွေကို အင်တာနက်ကနေ ဒေါင်းလုပ်ဆွဲပြီး နားထောင်တာနဲ့ အင်တာနက်အသုံးပြုမှုပမာဏချင်း အတူတူ ဖြစ်နေမှာပါတယ်

@ သီချင်းတွေကို အလွယ်တကူရှာပြီး အလွယ်တကူနားထောင်ချင်သူတွေ ၊ ရုံးမှာ internet အကန့်အသတ်မရှိ သုံးခွင့်ရသူတွေ / internet ဖိုးလောက်တော့ သိပ်မတွန့်တိုသူတွေ ၊ ခေတ်ဟောင်းအဆိုတော်တွေရဲ့ ခေတ်ဟောင်း ရှားပါး သီချင်းတွေကို နားထောင်ချင်သူတွေ ၊ မြန်မာသီချင်းတွေကို အလွယ်တကူရယူဖို့ ခဲယဉ်းတဲ့ နိုင်ငံခြားရောက်နေတဲ့ ရွှေမြန်မာတွေ အတွက် အဓိက ရည်ရွယ်ပါတယ်

@ ကိုယ်ကြိုက်တဲ့ သီချင်းတွေကို တစ်နေရာထဲမှာ လွယ်လွယ်ကူကူ ရှာဖွေနားဆင်နိုင်မယ် ၊ အဆိုတော်တွေကိုလဲ သက်ဆိုင်ရာ category တွေအလိုက်စုစည်းပေးထားလို့ အလွယ်တကူ browse လုပ်နိင်မယ် ၊ အလွမ်းသီချင်းတွေ မိုးနဲ့ ပတ်သတ်တဲ့ သီချင်းတွေ Valentine Day အတွက် သီချင်းတွေ စတဲ့ Playlist တွေအနေနဲ့ပါ သီချင်းတွေကို စုစည်းပေးထားလို့ သီချင်းတွေကို ခံစားချက်အတိုင်း စုစုစည်းစည်း နားဆင်နိုင်မယ် ၊ ဒါ့အပြင် သီချင်းတွေ အဆိုတော်တွေ Live Show တွေနဲ့ ပတ်သတ်တဲ့ သတင်းတွေကို တစ်နေရာတည်းမှာ ကြည့်နိုင်လို့ ပရိတ်သတ်တွေအတွက် ပိုမို စိတ်ကျေနပ်စေမှာ ဖြစ်ပါတယ်

@ နောက်ပြီး ကိုယ်အကြိုက်ဆုံး သီချင်းတွေ ရှာလို့တွေ့ပြီဆိုရင် Playlist အနေနဲ့ပါ သီးသန့်ခွဲပြီး မှတ်ထားနိုင်ဦးမှာ ဖြစ်တဲ့အတွက် ကြိုက်တဲ့အချိန်မှာ အလွယ်တကူ ပြန်နားဆင်နိုင်မှာ ဖြစ်ပါတယ်

@ နောက်ထပ် ပိုကောင်းတဲ့ အချက်က အပြင်မှာ ရှာရခက်တဲ့ ဂန္ဒဝင် အဆိုတော် (ကိုမင်းအောင် ၊ စိုးပိုင် ၊ အောင်ရင် ၊ အနိုင် ၊ ဇော်ဝမ်း စသည်ဖြင့်) တွေကိုလဲ သီးသန့် အပိုင်းတစ်ပိုင်းဖြင့် စီစဉ်ပေးထားတဲ့အတွက် လူကြီးကြိုက်သီချင်းတွေကို အလွယ်တကူ နားဆင်နိုင်မှာ ဖြစ်ပါတယ် ..

@ App ကို ဖန်တီး ဖြစ်ခဲ့တဲ့ အကြောင်းရင်းကတော့ လက်ရှိ မြန်မာသီချင်းတွေကို နားထောင်ရတဲ့ပုံစံမျိုးဟာ သည်းမခံနိုင်လောက်အောင် အဆင်မပြေဖြစ်နေတယ် ။ မြန်မာနိုင်ငံဟာ အနုပညာပိုင်းဆိုင်ရာနဲ့ပတ်သတ်ပြီး အားပေးမှု ပမာဏ တော်တော်မြင်တဲ့ နိုင်ငံဖြစ်တာနဲ့ အညီ မြန်မာသီချင်းတွေကို တကမာလုံးက မြန်မာတွေ လွယ်လွယ်ကူကူ စုစုစည်းစည်း နားဆင်နိုင်ဖို့ App တစ်ခုတော့ ရှိမှဖြစ်တော့မယ်လို့ ခံစားမိလာတဲ့အတွက် MM Music ကို ဖန်တီးခဲ့ရခြင်း ဖြစ်ပါတယ် ။
@ User တွေ အဓိက နှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ သီချင်းတွေကို လွယ်လွယ်ကူကူ စုစုစည်းစည်း နားထောင်နိုင်တဲ့အပြင် App ကို သုံးရတဲ့ Experience ကလည်း လက်ခံနိုင်လောက်တဲ့ အခြေအနေမှာ ရှိတဲ့အတွက် ဖြစ်ပါတယ် ။

@ လက်ရှိ user အများစုက word-of-mouth referral အရ စပြိး သုံးဖြစ်သွားကြတာ ဖြစ်တယ် ။ တချို့ကလဲ MM Music Facebook Page မှာ အပတ်စဉ် အသစ်ထပ်တိုးပေးတဲ့ Feature တွေ ပြင်ဆင်ပေးတဲ့ Bug တွေကို ကြည့်ရှုရင်း သူတို့အတွက် အမှန်တကယ် အသုံးပြုရအဆင်ပြေအောင် စီစဉ်ပေးနေတဲ့ App အဖြစ် အသိအမှတ်ပြုလာပြီး သုံးလာကြတာ ဖြစ်တယ် ။

เล่น MM Music (Myanmar Songs, News & Curated Playlists) บน PC ได้ง่ายกว่า

  • ดาวน์โหลดและติดตั้ง BlueStacks บน PC ของคุณ

  • ลงชื่อเข้าใช้แอคเคาท์ Google เพื่อเข้าสู่ Play Store หรือทำในภายหลัง

  • ค้นหา MM Music (Myanmar Songs, News & Curated Playlists) ในช่องค้นหาด้านขวาบนของโปรแกรม

  • คลิกเพื่อติดตั้ง MM Music (Myanmar Songs, News & Curated Playlists) จากผลการค้นหา

  • ลงชื่อเข้าใช้บัญชี Google Account (หากยังไม่ได้ทำในขั้นที่ 2) เพื่อติดตั้ง MM Music (Myanmar Songs, News & Curated Playlists)

  • คลิกที่ไอคอน MM Music (Myanmar Songs, News & Curated Playlists) ในหน้าจอเพื่อเริ่มเล่น

ดูวิดีโอ